Twitter Bird Gadget

Saturday, September 13, 2014

သမဂ္ဂအမေ








နယ်ချဲ့ဆန့်ကျင်ရေးအစ ...စတင်သတေတည်ခဲ့ရာ

နန်းတက္ကသိုလ်ရင်ခွင်ဦးမှာကိန်းဝပ်ခဲ့သူအမေ........

သူ့ကျွန်မခံလိုဘူးဟေ့...ဆန့်ကျင်တော်လှန်ကြစေ

ပုန်ကန်ကာသားတို့နရားတဲ့အမေ....ဟိုစဉ်မှာလမ်းပြခဲ့တဲ့အမေ.....

နယ်ချဲ့ဆန်ကျရေးအစ....စတင်သတေတည်ခဲ့ရာ

နန်းတက္ကသိုလ်ရင်ခွင်ဦးမှာကိန်းဝပ်ခဲ့သူအမေ.......

သူ့ကျွန်မခံလိုဘူးဟေ့...ဆန့်ကျင်တော်လှန်ကြစေ

ဟိုစဉ်မှာသားကောင်းသမီးကောင်းတွေ.....ဂုဏ်ယူစရာမွေးထုတ်ခဲ့တဲ့အမေ......

ဒေါင်းမိခင်ဂုဏ်ဒြပ်ကျေးဇူးကြီးမားခဲ့ပုံတွေ........

သားတို့တတွေရင်ဝယ်အောင်းမေ့ဦးညွှတ်မိတယ်အမေ.......

ဒေါင်းမိခင်ဂုဏ်ဒြပ်ကျေးဇူးကြီးမားလှပုံတွေ.......

သမီးတို့တတွေရင်ဝယ်အောင်းမေ့ဦးညွှတ်မိတယ်အမေ......

အများအကျိုးဆောင်ဖို့လေ.......တိုင်းအကျိုးဆောင်ဖို့လေ........

အမျိုးကောင်းအမောင်တို့ရေ.....အမျိုးကောင်းမယ်တို့ရေ.......

အရာရာမှာစွန့်လွှတ်ဝင့်ကြစေ......မြန်ဌာနေမလွတ်မြောက်သရွေ့တော့လေ.....

အောင်ဆန်းတို့အမေ....

ဗဟိန်းတို့အမေ....

အောင်ကျော်တို့အမေ......

ချိုမြကြေစေ....တွန်ကကြလေ.....ဇာနည်အိုးဝေ....

မြန်ဌာနေမလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့ကိုတပ်လှန့်လို့နေ......

မြန်ဌာနေလွတ်လပ်တဲ့အခါ အမျိုးသားရေးတွေကြိုးစားခဲ့ပေ.....

အမေ....အမေ....အစဉ်အလာတွေကြီးမားခဲ့တဲ့အမေ.....

သမိုင်းတစ်ခေတ်မှာလေအသည်းနင့်စရာအဖြစ်ဆိုးတို့ကြုံခဲ့ပြီလေ...

အာဏာလွှမ်းမိုးလက်နက်အားကိုးလေ....ပလ္လင်အခြေစီမှာလေသမဂ္ဂအမေလဲကျမွကြေ

ဇူလိုင်မြေသွေးစွန်းခဲ့ရပေ......

အောင်ဆန်းတို့အမေ...

ဗဟိန်းတို့အမေ.....

အောင်ကျော်တို့အမေ........

ချိုမြကြစေ....တွန်ကကြလေ....ဇာနည်အိုးဝေ.....

မြေသီလာနန်းတက္ကအမှီခေါင်းလောင်းထိုးခြွေ ဒေါင်းလည်းအိုးဝေ.....

ကြိုနေမယ်သမဂ္ဂအမေရင့်ကြတ်လည်းလေအပြုံးနုသစ်ဝေ.....

အမေ....အမေ....အမေဟာဘယ်တော့မှမသေ........

သမိုင်းအသစ်လာ ၈ ဂဏန်းအခြေ.......အရိုင်းတစ်ခေတ်ဟာညစ်နွမ်းနေ......

အရိုင်းတစ်ခေတ်လာ ၈ ဂဏန်းအခြေ.....သမိုင်းအသစ်ဟာညစ်နွမ်းနေ.....

ဘယ်လိုဖြိုဖြောက်လည်းလေ.....သမဂ္ဂအမေမပျောက်ပျက်ခဲ့ပေ.....

ဒီမိုရွှေအုပ်ချပ်သစ်တွေအစားထိုးလို့ဖြင့်  ကျေးဇူးတရားတွေ...

အမေ......အမေ.....ကျေပွန်အောင်သားတို့ဆပ်ပါရစေ

အမေ....အမေ.....ကျဆုံးသူများဝိညဉ်တွေ......အမေအားအစဉ်စောင့်ရှောက်ခါနေ...

ကမ္ဘာတိုင်အောင်လေ.......ရာဇဝင်မှာသေနိုင်ရိုးလားအမေ......

အောင်ဆန်းတို့အမေ.....

ဗဟိန်းတို့အမေ......

အောင်ကျော်တို့အမေ.......

ချိုမြကြစေ......တွန်ကကြလေ.......ဇာနည်အိုးဝေ.....

မြေသီလာနန်းတက္ကအမှီခေါင်းလောင်းထိုးခြွေ ဒေါင်းလည်းအိုးဝေ.....

ကြိုနေမယ်သမဂ္ဂအမေရင့်ကြတ်လည်းလေအပြုံးနုသစ်ဝေ....

အမေ.....အမေ.....အမေဟာဘယ်တော့မှမသေ......

အောင်ဆန်းတို့အမေ......

ဗဟိန်းတို့အမေ.....

အောင်ကျော်တို့အမေ.....

ချိုမြကြစေ.........တွန်ကကြလေ......ဇာနည်အိုးဝေ........

Credit to
Original Writer



No comments:

Post a Comment