Twitter Bird Gadget

Friday, August 22, 2014

အိုးအိမ်မဲ့လမ်းဘေး ဘဝမှ ဟားရ်ဗားဒ်( Harvard )တက္ကသိုလ် သို့ .....

- Liz Murray အား (New York) နယူးယောက် ပြည်နယ် ဘရော်းစ် (Bronx) မြို့တွင် ၁၉၈၀ ၌ မွေးဖွားခဲ့သည်။
သူမ၏ မိဘများမှာ ဆေး၊ ဘိန်း စွဲသူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို ့ ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။

လိဇ် (Liz) နဲ ့သူမ၏ အမ (Lisa) တို ့နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့် အသက်ကို ကြုံရာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ်ရန် မရှိသဖြင့် တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။
စတိုးဆိုင်များမှ လွှတ်ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ ့တာ ဘဝကိုတင် မျှော်လင့်ချက်ကင်းမဲ့စွာ ဆက်နေရသည်။

မည်သို့ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့သည်။ သို ့သော် စိတ်ပျက် စရာကောင်းသော သူတို ့မိသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှု လုံးဝ မရှိခြင်း တို့ကြောင် ့ လိဇ် ကျောင်း တက်ချင် စိတ် မရှိပါ။

မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့် အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွက်စတိုးဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန် ့ရှင်းရေး စသော ရရာ အလုပ်ကို လုပ်ခဲ့သည်။

- Sandwich (ဆန်းဝိချ် ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော တစ်နေ ့စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လုယှက် ကာ ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က သား သမီး များ ကို စောင့်ရှောက် မည့် အစား သူမ၏ သမီး လိဇ် က သာ မိခင်အား ကလေး တစ်ယောက် ပမာ စောင့်ရှောက်ခဲ့သည်။

တစ်လ သုံးရက် ခန့်သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ အတန်းထဲတွင် အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကိုလည်း နေ့တိုင်း ခံခဲ့ရသည်။ သူမ၏ ညစ်ပတ်သော အဝတ်အစား နဲ ့ ဖရိုဖရဲ သော ဆံပင်များ ကြောင့် သူငယ်ချင်း ဟူ၍ လည်း မရှိပါ။ သူငယ်ချင်း အသိုင်းအဝို်င်း မှ စွန် ့ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။

လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ ့တီဘီ ရောဂါရှိကြောင်း သူမ အမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက် ဆယ်နှစ် အရွယ်တွင် သိခဲ့ရသည်။ သို ့သော် မိခင်ဖြစ်သူ ဆေးစွဲသူသည် သူမ ကျောင်း မတက်ခဲ့သောကြောင့် ဤကဲ့သို ့ သော ဘဝရောက်ခဲ့ရကြောင်း လိဇ် အား နေ့တိုင်း ပြောကာ ကျောင်းပြန်တက်ရန် လိဇ် အား တိုက်တွန်း ခဲ ့သည်။

AIDS ရောဂါဖြင် ့ လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ပြီး ဖခင် ဖြစ်သူသည်လည်း အိမ်ခန်းငှားခ မပေးနိုင်သောကြောင် ့ အိမ်ယာမဲ ့ သူတို ့ ခိုလုံရာ ဒုက္ခသည် ဇရပ် သို ့ ပြောင်းရွေ့ခြင်းခံရသည်။

- ထိုအချိန်မှ စ၍ လိဇ် သည် အတောင်မစုံသော ငှက်ငယ်လေး ပမာ လေလွင့်ရာ စုံ ၊ ဆန် မျှော ရင်း နားခိုရာမဲ ့ လမ်းဘေးဘဝသို ့ ရောက်ခဲ ့ရကာ ခွက်လက်စွဲ တောင်းစား ရတော့သည်။

အပျိုပေါက် စ အရွယ် ဖြစ်သော်လည်း သူတစ်ပါးများနဲ ့မတူ သူမ ဘဝသည် ခြားနား လွန်းလှ သည်။ Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း စသော နေရာများတွင် ကြုံရာ အိပ်ရလေသည်။ သူမ အတွက် မနက်ဖြန် ဘယ်နေရာ တွင် အိပ်ရမည် ဆိုသည်မှာ သေချာသော အဖြေ လုံးဝ မရှိချေ။

သို ့သော် သူမ အတွက် လမ်းဘေးရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက် လမ်းစ တစ်လမ်း ဤကမ္ဘာတွင် ရှိရ မည် ဟု သူမ ခိုင်မာစွာ ယုံကြည်ထားသည်။ ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည်။မည်သို ့ပင် လိဇ် ၏ ဘဝ ခက်ခဲ ကြမ်းတမ်းစေကာမူ ရောက်ရာ နေရာတိုင်းတွင် သူမ နဲ ့အတူ စွယ်စုံကျမ်းများကို သယ်ဆောင်သွားကာ အချိန်ရှိတိုင်း ဖတ်သည်။

လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစားရသည်မှာ ကျောင်း မတတ် အသိပညာ ကင်းမဲ့မှုများကြောင် ့ ထိုကဲ့သို့သော ရောဂါများဖြင် ့ ခံစား သေဆုံးရခြင်း ဖြစ်သည် ဟူသော မေ့မရသည့် ကြောက်လန် ့ဖွယ် ဖြစ်ရပ် တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။

ထို ့နောက် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင် နာမည် စရင်းသွင်း ခဲ ့သည်။

သူမ၏ နေရပ်လိပ်စာ နဲ ့ ဖုန်း နံပါတ် ပေးစရာ မရှိသောကြောင် ့ သူငယ်ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ သူမ၏ လိပ်စာဖြစ်ကြောင်း ကျောင်းတွင် လိမ်ပေးခဲ့သည်။

- လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း တက်ရသည်။

အစာကို ကျောင်းတွင်စား၍ ကျောင်းမတက်သော နေ ့များတွင် တစ်ရက် တစ်နက်သာ အစာစားသည်။ ကျောင်းတက်ရင်း တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းသုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်းရင်း နားနေရာ လမ်းဘေးသစ်ပင်များ အောက်တွင် စာကျက်သည်။

လိဇ် သည် အိပ်ချိန်ပင် လုံးဝ မရှိဟု ပြောရလောက်အောင် ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင် ့ အချိန်ကုန်စေသည်။ ထိုသို ့ အိပ်ရေး ပျက် အပင်ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်

တောင်းစား ခြင်း နှင် ့ နှိုင်းယှဉ်လျှင် မိုး နဲ ့ မြေ ကဲ့သို့ ပင် ကွာဟသောကြောင် ့ ဆင်းရဲ ဒုက္ခ ပင်ပန်းခြင်းကို တစ်ခါမျှ မငြီးညူခဲ့သူလည်း ဖြစ်သည်။

လိဇ် သည် ၄ နှစ် သင်ရသော အထက်တန်းကျောင်း ကို ၂ နှစ် အတွင်း ပြီးစေသည် သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည်။

အမှတ် အကောင်းဆုံး အတော်ဆုံး ကျောင်းသား ကျောင်းသူ ဆယ်ရောက် ( Liz) (လိဇ် အပါဝင်) တို ့အား ကျောင်းအုပ် ဆရာကြီး က ပညာတော်သင် ဆု အနေဖြင် ့ Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ် တွင် အခမဲ့ ခရီး လည်ပတ်စေသည်။

- ထို တက္ကသိုလ် တွင် ပညာသင်ကြားနေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သားသမီးများ ဖြစ်ကြသည် ကို လိဇ် မြင် သော အခါ တွင် သူမ ၏ ဘဝ နှင့် ဆီ နဲ ့ရေ ကဲသို ့ ကွာခြားနေသည်ကို သိရသဖြင် ့ မိမိ ကိုုယ် ကိုယ် စိတ်အားသိမ်ငယ် နေခဲ့ရှာသည်။

သို့သော် လိဇ် အား ထိုတက္ကသိုလ်တွင် လျှောက်ကြည့်ရန်

ကျောင်းအုပ် ဆရာ ကြီး က တိုက် တွန်းခဲ့သည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်းစွာဖြင့်

အောင်ခဲ့သော်ငြားလည်း ကောလိပ် ဆက်တက်ရန် ပိုက်ဆံ မရှိသော သူမ၏ ဘဝ အတွက် အထောက်အပ့ံ ဆိုသည်မှာ အကယ်စင်စစ်ပင် လိုအပ်နေသော အချိန် ဖြစ်သည့် အားလျှော် စွာ မမျှော်လင့်ဘဲ သတင်းစာကြော်ငြာ တစ်ခု ကို သူမ ဖတ်မိသည်။

ထိုသတင်းစာ မှာ နယူးယာက်မြို့အတွင်း မှ အခက်အခဲ ရှိသူများ မိဘ ဝင်ငွေ နည်း သားသမီး များ အတွက် ထောက်ပံ့ကြေးငွေ (scholarship) လျှောက်နိုင်ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။

လိဇ် သည် အထက်တန်းကျောင်း တက်ခဲ့သော အချိန် တွင် သူမ သည် အိမ်ယာမဲ့ လမ်းဘေးက တစ်ကောင်ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ်ယောက်ကို မျှ သိခွင့်မရှိအောင် ဖုံးကွယ်ခဲ့သော်လည်း သူမ၏ နောင် ရှေးရေးဘဝ အတွက် သူမ ဖွင့်ပြောရန် အချိန် ရောက်လေပြီ။

- လိဇ် မည်ကဲ့သို ့ လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ် အသုံးပြုတစ်လှည့် တွေ့သမျှ အရိပ်ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ ့စာ အတွက် မည် ကဲ့သို ့ခက်ခဲ ကြမ်းတမ်းစွာ ရှာခဲ့ရပုံများမှာ စိတ်ကူးယှဉ်ဆန်လှသည်ဟု ပြောရလောက်အောင် သနားဖွယ်ကောင်းသော သူမ၏ အကြောင်းကို မျက်ရည်စက်များ နဲ ့အတူ ရေးကာ တင်ထားသော သူမ၏ လျှောက်လွှာ အား New York Time မဂ္ဂဇင်း မှ လှိုက်လှုုိက်လှဲလှဲ ပင် ကြိုဆို လက်ခံ အတည်ပြု ခဲ့လေသည်။

New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ တစ်သောင်း နှစ်ထောင် ဖြင့် ကူညီမည် ဟု ဂတိပေးသည် သာမက လိဇ် အား ဂုဏ်ပြုသည့် အနေဖြင့် New York Time ၏ ညီလာခံပွဲတော်ကြီး တွင် လိဇ် အား ကျေးဇူးတင် စကားပြောရန် နဲ ့ သူမ၏ဘဝ အကြောင်း တစ်စိတ် တစ်ဒေသ ပြောပြရန် တောင်းဆို ခဲ့သည်။

- ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး၏ လက်ခုပ်သံများ နဲ ့အတူ နတ်သမီး အလား ရုတ်တရတ် ဆို သကဲ့သို ့ လိဇ် အတွက် အဝတ်အစား ဝယ်ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနပ် ရိက္ခာ ဝယ်ပေးမည့် သူ၊ စာအုပ် စာတန်းဝယ်ပေးမည့် သူ၊ ကားဝယ်ပေးမည့် သူ အစရှိသဖြင့် လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။

ထိုအချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွှင်ကြည်နှုးခြင်းများ နဲ ့အတူ လူ့လောက အလယ် တွင် လူတစ်ယောက်နဲ ့တူသော အခွင့်အရေးများ ပိုင်ဆိုင်ထားပြီး တက္ကသိုလ် ကျောင်းသူမ ဘဝ အဖြစ် ဟားရ်ဗား ( Harvard University ) တွင် စတင်တက်ခဲ့ လေသည်။

2009 ခု နှစ် တွင် Psychology ဖြင် ့ ဟားရ်ဗား မှ ဘွဲ့ရခဲ့ပြီး မဟာဘွဲ့ ယူရန် ဆက်တက်နေသည်။ Psychology ဖြင့် ဒေါက်တာဘွဲ့ အထိ ရယူရန် ရည်ရွယ် ချက်ရှိ သူ လည်း ဖြစ်သည်။

- ဂုဏ်ပြုဆု မြောက်များစွာကို လက်ခံ ရရှိ ၍ လူသိရှင်ကြား ကျော်ကြားသူ သာမက ယခု အချိန်တွင် လိဇ် သည် အမေရိကန် နိုင်ငံ အပြင် အခြားသော နိုင်ငံများတွင် ကျင်းပသော ညီလာခံများ၌ သွားရောက်လည်ပတ် မိန်းခွန်းပြောရန် ငွေကြေးဖြင့် ငှား ခေါ်ကြသည်။

လိဇ် သည် အမေရိကန် နိုင်ငံ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ရန်လည်း ရည်ရွယ်ချက်ရှိကြောင်းလည်း သူမရဲ့ ရည်မှန်းချက်များကိုပြောပြခဲ့ပေတော့သည်။

Credit - Original Writer

No comments:

Post a Comment