Twitter Bird Gadget

Tuesday, July 29, 2014

ဒေါင်းပုံသင်္ကေတ-ကဒေါင်းနှင့်ခွပ်ဒေါင်း






ဒေါင်းဆိုတဲ့ သတ္တဝါသည် ကနေသောအချိန်တွင် အလွန်ပင်ခန့်ငြား၍ ကျက်သရေအလွန်
ပင်ရှိလှပါသည်။ကြည့်ရှုလို့လဲလွန်စွာကောင်းမွန်လှပါသည်။မာန်ပါသောခွပ်ဒေါင်းပုံအ
သွင်သည် ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်သောစိတ်ဓာတ်ကိုတွန်း
အားပေးနေသောအမူအရာကိုပြသနေတာဖြစ်ပါတယ်။
ရှေးမြန်မာမင်းများလက်ထက်ခေတ်အဆက်ဆက်ကနိုင်ငံတော်အလံတွင်လည်းကောင်း
သုံးစွဲရန်ထုတ်လုပ်ခဲ့သောငွေဒင်္ဂါးများတွင်လည်းကောင်းဥဒေါင်းကနေသောပုံအသွင်ကို
အသုံးပြုခဲ့ကြသည်။ကုန်းဘောင်မင်းဆက်တွင် မင်းတုန်းမင်းကြီးသည် ကျပ်သုံးငွေဒင်္ဂါး
တွင် ကဒေါင်းပုံအသွင်ကိုအသုံးပြုခဲ့ကြောင်းဖတ်ရှုခဲ့ရသည်။၁၉၂၀-ပြည့်နှစ်ပထ
မ ကျောင်းသားသပိတ်၏ အမျိုးသားအောင်ပွဲနေ့ကို ၁၉၃၈-ခုနှစ်တွင် ကျင်းပခဲ့ရာကျောင်းသားအလံအဖြစ် ကဒေါင်းအလံကိုစတင်အသုံးပြုခဲ့ ကြပါသည်။ ၁၉၃၀-ပြည့်နှစ်
တွင် သခင်ဘသောင်းဦးဆောင်ခဲ့သောလူငယ်တစ်စုသည် တို့ဗမာအစည်းအရုံးကိုတည်
ထောင်ကာကဒေါင်းအလံကိုအစည်းအရုံး၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြပါသည်။
၁၃၀၀-ပြည့် အရေးတော်ပုံတွင် ရေန့ချောင်းမှ ရန်ကုန်သို့ချီတက်လာရာ၌ ကဒေါင်းအလံ
ကိုသာ လွှင့်ထူကြ၍ ချီတက်ခဲ့ကြပါသည်။ထို့အတူရဲဘော်သုံးကျိတ်ဦးဆောင်သောဗမာ့
လွတ်လပ်ရေးတပ်မတော်သည် ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ချီတက်လာရာတွင် တို့ဗ
မာအစည်းအရုံး၏ ကဒေါင်းအလံကို လွှင့်ထူပြီးချီတက်ခဲ့ကြသည်။
ခွပ်ဒေါင်းအလံကိုတော့ စစ်ပြီးခေတ်ကျောင်းသားသမဂ္ဂများတွင် စတင်အသုံးပြုခဲ့ကြ
သည်ကိုသိရသည်။ထို့နောက်တွင် ခေတ်အဆက်ဆက် ကျောင်းသားများကခွပ်ဒေါင်း
အလံကိုလက်ဆင့်ကမ်းကာသုံးဆွဲခဲ့ကြသည်။ဆက်လက်ပြီး ၁၉၆၂-ခုနှစ်၊ကျောင်းသား
အရေးအခင်း ၊၁၉၆၉-ခုနှစ် ကျွန်ဆွယ်အားကစားပွဲ ကျောင်းသားအရေးအခင်း၊၁၉၇၀-
ပြည့်နှစ် တက္ကသိုလ်ရွှေရတုနှင့်ကျောင်းသားပွဲတော်၊၁၉၇၄-ခုနှစ် ဦးသန့်အရေးအခင်း၊
၁၉၇၆-ခုနှစ်မိုင်းရာပြည့်အရေးအခင်း၊၁၉၈၈-ခုနှစ်အရေးအခင်း၊၁၉၉၆-ခုနှစ်အရေးအ
ခင်းနှင့် ၂၀၀၇-ခုနှစ် အရေးအခင်းတို့တွင် မျိုးဆက်သစ်ကျောင်းသားကခွပ်ဒေါင်းအ
လံနှင့်ခွပ်ဒေါင်းစိတ်ဓာတ်ကိုဆက်လက်ကိုင်ဆွဲခဲ့ကြသည်။
ခွပ်ခေါင်းအလံသည် ကျောင်းသားအလံဖြစ်၍ ခွပ်ဒေါင်းစိတ်ဓာတ်ကိုနောင်မျိုးဆက်
သစ်ကျောင်းသားများအစဉ်အလာမပျက် ဆက်လက်သယ်ဆောင်သွားမည်ဟုသတင်း
စာဆရာကိုဝံသ (၆၂-မျိုးဆင်သစ်ကျောင်းသား၊ပဲခူးတိုင်းစိုးသိန်း)တို့ကပြောကြ
သည်။

                         >>>>>>>>>>>>>>>>>>>>>>>>>>>>>>

No comments:

Post a Comment