Twitter Bird Gadget

Friday, July 18, 2014

နတ်မောက်မြို့မှ မောင်ထိန်လင်း (ခ) သခင်အောင်ဆန်း (ခ) ဗိုလ်ချုပ်အောင်ဆန်း




နတ်မောက်……။
မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီကတည်းကဆယ်ကမ္ဘာစာလောက်တာဝန်ကျေနေပြီ။

ခင်ကြည်………။
ညည်းယောင်္ကျာကိုသေခြာကြည့်ထားသမီးကလေးခမည်းပေးဖို့

 ရွှေကလေတစ်ပဲတစ်မှုးတောင်အမေအိုဆီလက်ဖြန့်တဲ့လူသား

နိုင်ငံခေါင်းဆောင်ငမွဲကိုညည်းစိတ်ပျက်ချင်ပျက်သမိုင်းကစိတ်မပျက်စေနဲ့......

ဗိုလ်ထွန်းလှ………။
ခင်ဗျားဆရာကိုကြည့်ပြောဦးလမ်းဘေးမှာအကြော်ဝင်စားနေတာ

 နောင်လူတွေသိရင်မျက်နာမထားတက်အောင်ရှက်နေရှာဦးမယ်

ဆရာတော်ဦးသောဘိတ……။
ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကိုမရိုတ်ပါနဲ့ရရင်ရမရချဆိုတာ

ကျွန်တော်တို့အတွက်ပါဘုရားဦးဘဝင်း………။
ခင်ဗျားညီအငယ် ဆုံးလေးကိုခွင့်လွှတ်လိုက်ပါသူပြောခိုင်းတဲ့ရည်းစားစကားပြောပေး

လိုက်ပါစစ်သားကြီးအသည်းကဆေးရုံပေါ်ကျန်ခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြမှာ

ဦးဘဝင်း………။
ခင်ဗျားညီအငယ် ဆုံးလေးကိုခွင့်လွှတ်လိုက်ပါသူပြောခိုင်းတဲ့ရည်းစားစကားပြောပေး

လိုက်ပါစစ်သားကြီးအသည်းကဆေးရုံပေါ်ကျန်ခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြမှာ

ရဲဘော်ကျော်စိန်……
ခင်ဗျားကားမောင်းရင်သတိကိုငယ်ထိပ်မကပ်ထားခဗျားတင်မောင်းလာတာ

ကျွန်တော်တို့အတိတ်ကြီးပစ္စုပ္ပန်ကြီးအနာဂတ်ကြီး

ဟေ့လူပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ……
သူ့ဟာသူငါးမှုးတန်းကကြည့်ကြည့်တစ်မတ်တန်းကကြည့်ကြည့်သွားမတားပါနဲ့သူ့ဘဝမှာ

အပန်းဖြေနည်လက်တစ်ဖက်မပြည့်ခဲ့တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျ



ဗိုလ်မှူးကြီး ဆူဇူကီး……။
ခင်ဗျားကိုလက်ဆွဲနှတ်ဆက်ရင်းခင်ဗျားကိုတိုက်သင့်ရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့အညာသားလေးကို

အဲ့သတ္တိအဲ့စကားကိုသေခြာမှတ်ထားနောင်းမြန်မာတွေထဲမှာပြောရဲတာတစ်ယောက်မှမရှိဘူး

အမွိုင်………။
မင်းမြေကိုသူနင်းလိုက်တော့တွန့်မသွားဘူးလားအာရှတိုက်ရဲ့ကြယ်တစ်လုံးကိုနှစ်လလောက်ထမ်းထားလိုက်ရတာအခုထိဂုဏ်ယူမဆုံးမဟုတ်လား

ဦးစော………။
ခင်ဗျားကိုတော့မေ့ထားပါ့မယ်ခွင့်လွှတ်လို့တော့မရသေးဘူးဒါပေးမယ့်မပူပါနဲ့ ဒီနေ့ခေတ်မှာလည်းခင်ဗျားလိုလူတွေအများကြီးရယ်

မစ္ဓတာနေရူး……။
ခင်ဗျားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာ

အခုကျွန်တော်တို့မှာဒါကြီးခြုံပြီးနွေးနေရတာ

ပဲခူးဆောင်………။
ခင်ဗျားအခန်းထဲကကြမ်းပိုးတွေမောင်းမထုတ်လိုက်ပါနဲ့စာအုပ်ပုံကြီးရှင်းမပြစ်လိုက်ပါနဲ့

မခေါက်ရသေးတဲ့အဝတ်တွေမခေါက်လိုက်ပါနဲ့သူဇိမ်နဲ့မနေခဲ့ံလို့ကျွန်တော်တို့ဇိမ်နဲ့နေနေရတာ

ညိုညိုစိန်……။
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာအနယ်နယ်အရပ်ရပ် ရွှေဘိုညချမ်းကလိုသူရဲကောင်းမျိုးတွေ့ဖူးခဲ့လား တွေ့ဖူးရဲ့လား ကျုပ်မှာ ကာမပိုင်နဲ့ဗျတဲ့ မိန်ကလေးတန်မဲ့လက်ဆွဲကျီစယ်မယ့်ညည်းတောင် ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား

ဆြာစတက်ဖို့ကရစ်ပ်……။
သူခဗျားအိတ်ကြီးပြဲသွားအောင်ဖောင်တိန်ကိုဆွဲလုလိုက်တာမအံ့သြပါနဲ့ ၃၂နှစ်နဲ့သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို ဆွဲလုနေတုန်း

ဦးဌေးမြိုင်(သို့)ဒဂုန်တာရာ……။
(ဇွတ်ချစ်မယ်)ဆိုတဲ့အချစ်သီချင်းအစား စစ်ချီတက်သီချင်းတွေပဲကြားချင်တယ်ဆို တီးပေးလိုက်ပါဗျ နှလုံးသားမရှိတာမဟုတ်ပါဘူး နှလုံးသားရှိလွန်းလို့ပါ

ဂျူဗလီဟော………။
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့ ခင်ဗျားကိုမြင်တိုင်း မျက်ရည်ဝဲရင်း အလေးပြုမိလို့

ရဲဘော် ကလေးတွေ……။
စိတ်မကောင်းမဖြစ်ပါနဲ့မင်းတို့ခေါင်းဆောင်ကြီးကသူ့မင်္ဂလာဆောင်မှာတိုက်တွေကားတွေလက်မဖွဲ့လို့ စိတ်ဆိုးမယ့်လူသားလား ငွေသော်တာရောင်ခြည်ဆိုတော့ အရိုးသားဆုံးအပြုံနဲ့ပျော်နေခဲ့တာလေ

ပြည်ထဲရေးဝန်ကြီး ဦးမြ………။
ခင်ဗျားမှားတယ် သူ့ရုံးခန်းရှေ့က တပ်စိတ်ကို သူဘာပြောပြော ပေကပ်ထားရမှာ အခုကျွန်တော်တို့ပြောခွင့်မရှိတော့ကိုကျော့မောင်……။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှတ်ပြစ်လိုက်တာ စိတ်မကောင်းမဖြစ်နဲ့ သူအပင်းပန်းခံသင်းယူခဲ့တဲ့ ပညာတွေ ထဲမှာအဲ့လို အပိုဆားဒါးတွေမပါဘူး

ကိုကျော့မောင်……။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှတ်ပြစ်လိုက်တာ စိတ်မကောင်းမဖြစ်နဲ့ သူအပင်းပန်းခံသင်းယူခဲ့တဲ့ ပညာတွေ ထဲမှာအဲ့လို အပိုဆားဒါးတွေမပါဘူး


မေမြို့……။
ဝမ်းနည်းစရာတွေကျိတ်မှိတ်ထားလိုက် နိုင်ငံရေးလောကကထွက်ရင် ခြံစိုက်မယ် စာရေးမယ်ဆိုတဲ့သူ ကျည်းဆံ ၁၃တောင့် စိုက်သွားပြီး ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ ။


စာရေးဆရာ "ဟိန်း"ဖြစ်ပါတယ်

ဂုဏ်ယူလေးစားစွာဖြင့်

ပြန်လည်းမျှဝေပေးပါတယ်

                          @@@@@@@@@@@@@@@@@@@@@@@@@

                                   

No comments:

Post a Comment