Twitter Bird Gadget

Tuesday, July 15, 2014

ဧရိယာအမှတ် ၅၁

ဧရိယာအမှတ် ၅၁ ဟာကမ႓ာမှာအလျှို့ဝှက်ဆုံးနေရာတွေထဲကတခုဖြစ်ပါတယ်။

ဧရိယာအမှတ် ၅၁ နာမည်ဟာ ၁၉၅ဝခုနှစ်ပိုင်းလောက်ကအမေရိကန်နိုင်ငံမှာ

လျှို့ဝှက်စစ်ဆေးတဲ့စခန်းတွေလုပ်စဉ်နေရာတွေချမှတ်တုန်းကသတ်မှတ်ချက်တွေကနေ
တဆင့်ဆင်းသက်လာတာဖြစ်ပါတယ်။

ဧရိယာအမှတ် ၅၁ ဟာယခုခေတ်မှာတော့အမေရိကန်ရဲ့လေတပ်စခန်းဆိုင်ရာ
စမ်းသပ်စစ်ဆေးတဲ့နေရာတခုအသွင်နဲ့တည်ရှိနေပါတယ်။

ဒီစခန်းတည်ရှိမှူကိုအမေရိကန်ကတရားဝင်ထုတ်ဖော်မပြောပေမဲ့ဓာတ်ပုံတွေနဲ့သက်သေတွေကိုဆိုဗီယက်ကဖွင့်ချတာမှာလူတော်တော်များများသိပြီးဖြစ်ပါတယ်။

ဧရိယာအမှတ် ၅၁ ကိုစတင်ခဲ့စဉ်ကလေယာဉ်တွေပျံသန်းဖို့ပြေးလမ်းမကိုချဲ့ထွင်ရာမှာ
လူတွေသိမှာဆိုးလို့ညဖက်မှာပဲအလုပ်လုပ်ခဲ့ကြပါတယ်။ဧရိယာအမှတ် ၅၁ ကိုဘယ်သူမှဖြတ်သန်းသွားလာခွင့်မပြုပါဘူး။

ဧရိယာအမှတ် ၅၁ ကိုပတ်ပတ်လည်ဖြတ်သန်းသွားလာခွင့်မပြုဆိုတဲ့ဆိုင်းဘုတ်တွေအပြင် ဆင်ဆာတွေတပ်ဆင်အသုံးပြုထားပါတယ်။ဧရိယာအမှတ် ၅၁ကိုတရားဝင်ခွင့်ပြုချက်
မရပဲဖြတ်သန်းသွားလာရင်ထောင်ချခံရပါတယ်။

ဧရိယာအမှတ် ၅၁ ဟာစပိုင်လေယာဉ်တွေကိုလျှို့ဝှက်ထုတ်လုပ်တာအပြင်၊တခြားကမ႓ာကဂြိုဟ်သားတွေကိုစမ်းသပ်စစ်ဆေးတဲ့စခန်းတခုလဲဖြစ်ပါတယ်။

ဧရိယာအမှတ် ၅၁ ဟာ သမ္မတဒိုွူက်အိုင်ဆင်ဟောင်ဝါရဲ့လက်ထက်မှာစီအိုင်အေကို
ပရောဂျက်တွေလုပ်ဖို့လွဲပြောင်းပေးဖူးပါတယ်။

ဧရိယာအမှတ် ၅၁ကို အေ ၁၂ အောက်စ်ကတ်အဆင့်မြင့်လေယာဉ်ကိုစမ်းသပ်တဲ့စခန်း
အဖြစ်အသုံးပြုခဲ့ပါတယ်။ဒီအဆင့်မြင့်လေယာဉ်ဟာပထမဆုံးတိုက်တေနီယမ်နဲ့၉၀ ရာခိုင်နှုန်းလောက်ပါဝင်တည်ဆောက်ထားတဲ့ကမ႓ာ့ပထမဆုံးတိုက်တေနီယမ်လေယာဉ်ဖြစ်
ပါတယ်။တနာရီကိုမိုင်ပေါင်း၂၂၀၀ ပြေးတဲ့စပိုင်လေယာဉ်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလေယာဉ်ဟာ၁၉၆၃မှာပျက်ကျသွားပြီးဓာတ်ပုံတွေထွက်လာပေမဲ့
စီအိုင်အေကဒီသတင်းကိုချိတ်ပိတ်လိုက်ပါတယ်။

ဧရိယာအမှတ် ၅၁ ကနေပေါက်ကြားထွက်လာတဲ့ဓာတ်ပုံတွေသတင်းတွေကိုအမေရိကန်အစိုးရ
ကငြင်းဆိုထားပါတယ်။ဒါပေမဲ့ဩဂုတ်လ ၁၃ရက် ၂၀၁၃မှာတော့စီအိုင်အေကရှိတယ်ဆိုတာကို
အသိအမှတ်ပြုလိုက်ပါတယ်။၂၀၁၃မှာတော့သမ္မတအိုဘားမားကမှတ်ချက်တခုကိုဧရိယာအမှတ် ၅၁နဲ့ဆက်စပ်ပြီးပြောဘူးပါတယ်။တရားဝင်ဖွင့်ဟတာမဟုတ်ပေမဲ့သတင်းလွပ်လပ်ခွင့်
နဲ့ပြည်သူတွေကတောင်းဆိုလာဖိအားပေးလာတဲ့အတွက်လမ်းပေါက်ဖွင့်လိုက်တဲ့သဘော
အနေနဲ့ဖြစ်ပါတယ်။

ဧရိယာအမှတ် ၅၁ ကိုအမျိုးမျိုးလူတွေကအထူးသဖြင့်တခြားကမ႓ာကဂြိုဟ်သားတွေ
စမ်းသပ်မှူတွေ၊ယူအဖ်အိုတွေရှိတယ်စွပ်စွဲမှူတွေကိုတကယ်ကအနှူမြူစမ်းသပ်စခန်းဖြစ်ပါတယ်
လို့ပြသတဲ့အနေနဲ့အစိုးရကမိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပါဆိုပြီးပြတိုက်တွေ
ဖွင့်ခဲ့ပါတယ်။

ဧရိယာအမှတ် ၅၁ဟာ ဘယ်သူတွေဘယ်လိုပဲပြောပြောပြည်သူတွေကြားထဲမှာ
ပဟေဍိသဖွယ်စိတ်ဝင်စားမှူအခံရဆုံးနေရာတခုအဖြစ် ယနေ့အထိတည်ရှိနေဆဲဖြစ်ပါတယ်။

                        ########################

No comments:

Post a Comment