Twitter Bird Gadget

Tuesday, April 29, 2014

ဘဝတွင် ပျော်ပျော် နေရန် နည်းလမ်း


ဘဝမှာ ပျော်ပျော် နေဖို့ အတွက် အရိုးရှင်းဆုံး လုပ်ဆောင်ရမယ့် အချက် ငါးချက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်

၁။ အမုန်း (ဒေါသ) ကင်းစွာနေခြင်း

ဒေါသ ဟာ ပူလောင်စေ ပါတယ်။ ဒေါသနဲ့ ဆက်နွယ်တဲ့ အမုန်းတရား၊ ဗျာပါဒ တရား များကလည်း ထပ်တူ ပူလောင်စေပြီး ယင်း အပူ များက အပျော်တွေကို ပျောက်ဆုံးစေ ပါတယ်။ ဒါကြောင့်မို့ ဒေါသ စိတ် မမွေားဖွား စေဖို့ သတိထားရ ပါမယ်။

၂။ အပူပင် ကင်းစွာ နေခြင်း

အပူပင် ဆိုတဲ့ နေရာမျာ သောက၊ ပရိဒေသ တို့ ပါဝင်ပြီး အပူမီး ၁၁ မီး ထဲက မီးများ ဖြစ်ပါတယ်။ ယင်း ပူပင် သောက များက မိမိ စိုးရိမ် ကြောင့်ကျ မှုများ၊ ဝမ်းနည်း ပူဆွေးမှုများ၊ ပြဿနာ များကို ဖြေရှင်း မပေးပါဘူး။ မိမိရဲ့ အပျော် တွေကိုသာ သယ်ဆောင်သွားစေ ပါတယ်။ ဒါကြောင့် ပူပင်သောက ကို ဖယ်ရှား နိုင်ရ ပါမယ်။

၃။ ရိုးရှင်းစွာ နေထိုင်ခြင်း

ရိုးရှင်းစွာ နေထိုင်တယ် ဆိုတာ မာယာ၊ သာထေရ၊ မာန များနဲ့ မနေထိုင်ဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ မိမိမှာ မရှိတဲ့ စည်းစိမ်၊ ဂုဏ် တို့ကို အရှိ ဟန်ဆောင် နေခြင်း၊ ရှိသည့် အပြစ်၊ အားနည်းချက်များကို ဖုံးလွမ်း၍ လိမ်လည် နေထိုင် ခြင်းတို့က မိမိကို အမှန်တကယ် မပျော်ရွှင် စေ ပါဘူး။ ဒါ့ အပြင် ထားရှိထားတဲ့ အပြိုင်အဆိုင် မာန်မာန များကလည်း အပျော်တွေကို ပျောက်ဆုံး စေ ပါတယ်။

၄။ ပေးကမ်းစွန့်ကြဲ ခြင်း

ဒါန ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါန များများ ပြုလုပ်ခြင်း၊ ပေးကမ်း စွန့်ကြဲခြင်း က မိမိကို ပျော်ရွှင်စေတာကို အလှူဒါန ကောင်း ပြုလုပ်ဖူးသူများ သိရှိ ပါလိမ့်မယ်။

၅။ လောဘ နည်းခြင်း

လောဘ နည်းဖို့ အတွက် ပေးကမ်းစွန့်ကြဲရုံနဲ့ မပြီး ပါဘူး။ မနာလို၊ အူတို ခြင်း ကင်းတာကလည်း လောဘ နည်းခြင်း ဖြစ်ပါတယ်။ သူတစ်ပါး ပစ္စည်း၊ စည်းစိမ် ဥစ္စာ၊ အသက်၊ ကိုယ်စိတ် တို့ကို လိုချင်တပ်ခြင်း၊ မနာလို ခြင်း၊ မိမိ ပိုင်ဆိုင်သော ပစ္စည်း၊ စည်းစိမ်၊ ကိုယ်၊ စိတ် တို့ကို သူတစ်ပါး ပေးဖို့ အူတိုခြင်း တို့က လောဘ အခြေခံ စိတ်ရင်း ဖြစ်ပြီး ပူလောင် စေပါတယ်။ သူကလည်း ပျော်ရွှင်မှုတွေကို သယ်ဆောင် သွားပါတယ်။

ဒါကြောင့်မို့ ပျော်ပျော် နေထိုင်နိုင်ဖို့အတွက် မပျော်စေတဲ့ အကြောင်း တရား များကို ဖယ်ရှား နိုင်ဖို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။

                                      @@@@@@@@@@@@@@

No comments:

Post a Comment