Twitter Bird Gadget

Wednesday, April 23, 2014

ကွန်ပျူတာကို နေ့စဉ် နေ့တိုင်း ကြည့်ရှုသူများ သိစေရန်


ကွန်ပျူတာကို နေ့စဉ် နေ့တိုင်း ကြည့်ရှုသူတွေဟာ ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင် စားသောက် တတ်ဖို့ဟာ အထူးပင် အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ နေထိုင်စားသောက်ပုံ မမှန်ကန်ရင်တော့ မိမိအတွက် များစွာသော ဆိုးကျိုးတွေကို ရရှိလာမှာပါ။ လိုက်နာသင့်သည့် နည်းလမ်းကောင်း တွေကတော့

(၁) နေထိုင်မှုမှန်ကန်ပါစေ

ဆိုလိုတာက ကွန်ပျူတာ ကြည့်ပြီး အလုပ်တစ်နေကုန် လုပ်ပြီးဆိုရင် ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာနှင့် ၄၀ ဒီဂရီကနေ ကြည့်ပါ။ ကွန်ပျူတာ ရီစောလူးရှင်းကို အနည်းငယ်လျော့ ထားပါ။

(၂) အမြင်အား ကောင်းစေမည့် အစားအစာများ စားဖြစ်ပါစေ

အမြင်အား ကောင်းစေမည့် အစားအစာများ ဆိုတာက ဥပမာ- ကန်စွန်းရွက်၊ မြင်ခွာရွက် စတဲ့ အရွက်တွေဟာ အမြင်အားကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် များများစားပေးပါ။

(၃) ဆေးမှီဝဲပါ

မိမိမျက်စိဟာ ကွန်ပျူတာ ကြည့်လို့ ကိုက်ခဲတယ် ဒါမှမဟုတ် ကြည့်ရတာ မကြည်မလင်ဘူး ဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီး မျက်စဉ်းခပ်ပါ။ ဆေးသောက်ပါ။ လိုအပ်လျင် မျက်မှန် တပ်ပြီး အလုပ်လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ

နေတိုင်း ထိုင်နေရတဲ့ အတွက် ခန္ဒာကိုယ်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင် ခန္ဓာကိုယ် လှုပ်ရှား မှုတွေ ဖြစ်စေမည့် အိမ်မှုကိစ္စ ဒါမဟုတ် အခြားသော လှုပ်ရှားမှုတွေကို လုပ်ဖြစ်အောင် လုပ်ပါ။ သို့မှသာ ရောဂါ မဖြစ်စေမှာ ဖြစ်ပါတယ်။

(၅) ကွန်ပျူတာကို ဆက်တိုက် မကြည့်သင့်

သင်ဟာ အလုပ်တွေ များနေချိန်မှာ မျက်စိအတွက် အနားပေးဖို့ မေ့လျော့နေတတ် ပါတယ်။ အဲဒါဟာ မှားယွင်းတဲ့ အချက်ပါ။ ရေရှည်လုပ်ရမှာ ဖြစ်သည့်အတွက် ၁ နာရီကြည့်ပြီး မီးနစ် အနည်းငယ်လောက် မျက်စိအတွက် အနားပေးပါ။

No comments:

Post a Comment