Twitter Bird Gadget

Monday, April 7, 2014

ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ

Myanmar WWW Institue ၏ ညီမငယ်လေး စုပုံချစ်
(ဂုဏ်ယူဝမ်းမြောက်စွာ ရှယ်ပေးခြင်းဖြင့် အားပေးကြပါ) ...................
ညီမလေး စုပုံချစ်ရဲ့ အကြောင်းကို စတင်ပြောပြရမယ်ဆိုရင်တော့ သူမဟာ မွေးရာပါ မသန်စွမ်းသူဖြစ်ပါတယ်။ သူမတွင် လက်တစ်ဖက် လက်မောင်းရင်းခန့်သာ ပါပြီး နောက်တစ်ဖက်မှာ တံတောင်ဆစ် အပေါ်အထိသာ ပါပါတယ်။ ထို့အပြင် ခြေထောက်တစ်ဖက်မှာလဲ ဒူးအောက်သာ ပါတာမို့ သူမမှာ အကောင်းပကတိဆို၍ ခြေထောက် တစ်ချောင်းသာ ပါပါတယ်။ သူမ မတ်တပ်ရပ်ရာမှာ အဲသည်ခြေထောက် အကောင်းကိုသာ အသုံးပြုပြီး ကွန်ပြူတာအသုံးပြုရာမှာလဲ အဆိုပါခြေထောက်မှ ခြေချောင်းများဖြင့်သာ ခက်ရာခက်စစ် အသုံးပြုရပါတယ်။
ညီမလေး စုပုံချစ်ဟာ ညောင်တုန်းဇာတိဖြစ်ပြီး ဆယ်တန်းကို ထူးချွန်စွာ အောင်မြင်ပြီးနောက် BE (IT) ဘွဲ့ကို ရုန်းကန်ရယူခဲ့ပါတယ်။ သူမဟာ ကွန်ပြူတာနည်းပညာကို အထူးစိတ်ဝင်စားသည်မို့ ဘွဲ့ရပြီးနောက်ပိုင်းမှာ Myanmar WWW Institute မှာ ၀က်ဘ်ဆိုဒ်များ ရေးဆွဲခြင်း သင်တန်းဖြစ်တဲ့ Web Essentials သင်တန်းကို တက်ရောက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ညီမလေး စုပုံချစ်ဟာ ME (IT) ကို ဆက်လက် သင်ယူနေချိန်တွင် Myanmar WWW Institute မှာ Certified Java Programmer သင်တန်းကိုလည်း တက်ရောက်ပါတယ်။ သင်တန်းများ တက်ရောက်နေစဉ်မှာ သူမကို အစစ အရာရာ အစဉ်ပြေစေရန် ၀န်ထမ်းများ ဆရာဆရာမများက ကူညီပေးကြပါတယ်။ ဥပမာ - သူမ ရေဆာလျှင် ရေတိုက်ပေးခြင်း၊ ထမင်းစားချိန်တွင် ထမင်း ခွံပေးခြင်း၊ အပြန် အငှားယာဉ်ခေါ်ပေးခြင်းတို့ကို မညှီးမညူ ကူညီခဲ့ကြပါတယ်။
ညီမလေး စုပုံချစ်ဟာ Myanmar WWW Institute မှ ၀န်ထမ်းများ ဆရာ ဆရာမများအတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။ အားကျကြိုးစား စေခဲ့ပါတယ်။
အခုအခါမှာ ညီမလေး စုပုံချစ်ဟာ သြစတေးလျနိုင်ငံ အစိုးရမှ ပေးအပ်သည့် စကောလားရှစ်ဆုကို ရရှိပြီး UNSW တက္ကသိုလ်ကြီးမှ Public Policy မာစတာဘွဲ့ကြီးကို တက်ရောက်သင်ယူနေပါတယ်။
ဖော်ပြပါပုံမှာ ၂၀၁၃ ဒီဇင်ဘာလ၊ ကမ္ဘာမသန်စွမ်းသူများနေ့မှာ ညီမလေး စုပုံချစ်ကနေပြီး သြစတေးလျ လွတ်တော်ရုံးမှာ မြန်မာနိုင်ငံ မသန်စွမ်းများနှင့် ပတ်သက်ပြီး ဟောပြောအပြီးမှာ သြစတေးလျ လူမှုဝန်ထမ်းဝန်ကြီးနှင့် သက်ဆိုင်ရာ လွတ်တော်အမတ်များနှင့် အတူ ဓါတ်ပုံမှတ်တမ်းရိုက်ကူးထားတာဖြစ်ပါတယ်။
ညီမလေး စုပုံချစ် အတွက် Myanmar WWW Institute မှ ၀န်ထမ်းများ ဆရာဆရာမများမှ လက်ခုပ်သြဘာတီး အားပေးလျက်ပါ ..... ညီမလေး အနေနဲ့ မြန်မာ့ဂုဏ်ဆောင် ပညာတတ်ကြီး ဖြစ်ပြီး မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ အကျိုးကို များစွာသယ်ပိုးစေနိုင်ဖို့ရာ ဆုမွန်ကောင်းတောင်းပေလျက် .....

No comments:

Post a Comment