ထာလော့မြန်မာ အိုမြန်မာတို့ =====×=====×=====×=====
ကျတော်တို့မြန်မာနိုင်ငံကြီးဟာ ခုဆိုရင် ဒီမိုကရေ စီ ပန်းတိုင်ကိုရောက်ဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့ ဆိုမယ်ဆိုရင် ဆိုလို့ရသော်လည်း အဖွဲ့အသင်းတွေကွဲကာ မညီညွတ်မှုတွေဖြစ်နေ ဦးမယ်ဆိုရင်တော့ ကျတော်တို့ရဲ့ပန်းတိုင်ကြီးဟာ ဝေးကွာနေဦးမှာပါပဲ………… ✏ ✏ ✏ ✏ ✏ ကျတော်တို့ကျောင်းသားဘဝက ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိသည် ဒါပေမယ့်စာဖတ်သလို ဇွတ်ဖတ်မယ်ဆိုရင်တော့ အကျိုးရှိမည်မထင်ပါ။ သို့သော်ငြား နှလုံးသားနဲ့ ဖတ်ရင်တော့အင်မတန် မှတန်ဖိုးရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ "ဇွန်ပန်းရုံအနီး နွံထဲ၌လှည်းဘီးကျွံနေ၏။ ကူ၍တွန်းပေးကြပါ။ လေးလွန်း၍ မတွန်းနိုင်ဘူးလား။ ပြိုင်တူတွန်းလျှင်၍ နိုင်ပါသည်ဆိုတဲ့ ကဗျာလေး ဟာ ယနေ့ ကျတော်တို့ မြန်မာ့နိုင်ငံရေးကို တပ် လှန့်ပေးနေသလိုပါပဲ။ ဟိုတစ်နေ့ကလည်း ကျတော်တို့အားလုံးရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ဒီမိုကရေစီ သူရဲကောင်းကြီး ဖြစ်တဲ့ ဘဘ ဦးဝင်းတင်ပြောစကားကိုလည်း ကျတော်တို့တွေ့လိုက်ရတယ်။ "တော်လှန်ရေးကမပြီးသေးဘူး ရန်မဖြစ်ကြနဲ့ ညီညွတ်ကြပါ ဆိုတဲ့စကားတွေ ဟာ ယနေ့မြန်မာ့နိုင်ငံရေးမှာ လိုအပ်လို့ပြောနေရ တယ်လို့ပဲထင်တယ်။ ✏ ✏ ✏ ✏ ✏ ✏ ကျတော်တို့ စည်းလုံးညီညွတ်စွာဖြင့် အာဃာတ ကင်းသောချစ်ခြင်းတရားကို ဗြဟ္မာစိုရ်စိတ်ထား ဖြင့် မေတ္တာတရားကိုထားရှိကား တစ်ဦးကိုတစ်ဦး ဖေးမစွာဖြင့် ပြိုင်တူတွန်းချိန်တန်ပါပြီလို့ ကျတော် Admin တစ်ယောက်အနေနဲ့ တိုက်တွန်းလိုပါတယ်။ မဟုတ်ရင်တော့ ဒီမိုကရေစီအတွက် ကျဆုံးသွား တဲ့ ကျတော်တို့ ရဲ့ ရဲဘော်ကြီးတွေကို အားနာဖို့ ကောင်းပါတယ်။ ----------------------------------- ထလော့ မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ၊တို့ရွာမြေဝယ်၊စေတီစပါး၊ များလည်းများ၏။များပါလေလည်းတမွဲမွဲ နှင့် ဆင်းရဲကာသာကာလကြာလျှင်၊ယာ စကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား၊လှည့်လည် သွားလျှက် မစားလေရ၊ဝမ်းမဝ၍ ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။ ထလော့ မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေတို့ရွာမြေဝယ်၊ရေချိုသောက် ရန်မြစ်ချောင်းကန်နှင့်၊သီးနှံချိုပျား၊များ လည်းများ၏၊များပါလေလည်းတမွဲမွဲနှင့် ဆင်းရဲကာသာကာလကြာလျှင် မြင်သာ မြင်ရမစားရ၍ တောကပြိတ္တာဖြစ်မည် တည်း။ ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့်၊မလျှော့လုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးများမြောင် ဉာဏ် များမြောင်နှင့် စွမ်းဆောင်ကြလေဆောင် ကြလေလော့။ ဤမြေဤရွာ ဘယ်သူ့ရွာလည်း ဤယာစပါး ဘယ်သူ့စပါးလဲ ထလော့တာဝန်ပွန်လော့လုပ်ငန်း ဉာဏ် ရှေ့ပန်း၍ တစ်ဝမ်းတစ်စိတ်ညီစေသ တည်း။
(ဆရာဇော်ဂျီ)
(မြန်မာနိုင်ငံသားတိုင်းသိသင့်သောနိုင်ငံရေးအကြောင်းအရာများ)
No comments:
Post a Comment