ဉာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။
၁။ မနက်စာ မစားခြင်း
မနက်စာ မစားခြင်းကလည်း ဉာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။
၃။ သကြားဓာတ် အများအပြား စားသုံးခြင်း
သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ ့ အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။
၄။ လေမသန့်ခြင်း
ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အန့ံပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။
၅။ အအိပ်လွန်ခြင်း
ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဉာဏ်ထိုင်းစေပါတယ်။
၆။ အိပ်ချိန်နည်းခြင်း
သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဉာဏ် ထိုင်း စေပါတယ်။
၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း
ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။
၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း
ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။
၉။ တွေးခေါ်မှုနည်းခြင်း
တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဉာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဉာဏ်သာ ထိုင်းလာစေတတ်ပါတယ်။
၁၀။ စကားနည်းခြင်း
ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဉာဏ်ထိုင်းေစပါတယ်။
%%%%%%%%%%%%%%%%%%%%%%
No comments:
Post a Comment