မြန်မာပြည်ဖွား မြန်မာစစ်စစ်တစ်ယောက်မို့ ကျနော် အမျိုးချစ်ပါတယ်။
ကျနော်လည်း အမျိုးသားရေးကို အားပေးတယ်။
ဒါပေမဲ့ ကျနော် ဒေါ်စုကိုပဲ ရွေးချယ်ပါတယ်။ ဘာဖြစ်လို့လဲ?
အမျိုးသားရေးဆိုတာ ဘာလဲ
-------------------
အရင်ဆုံး အမျိုးသားရေးဆိုတာ ဘာလဲ?
အဓိပ္ပါယ်ဖွင့်ရလိမ့်မယ် ထင်တယ်။
ကျနော်မြင်တာတော့ အမျိုးသား ကြီးပွားတိုးတက်ရေးပါ။
ဒါတင်မက အမျိုးဘာသာဆိုတာကိုပါ ထည့်ပြောလာမယ်ဆိုရင်တော့
အမျိုးဘာသာကြီးပွားတိုးတက်ရေးပေါ့။
အမျိုးသားရေးအတွက် အန္တရာယ်ကြီး နှစ်ရပ်
------------------------------
ကျနော်မြင်သလောက်တော့ နိုင်ငံကြီးနှစ်ခုကြားညပ်နေရတဲ့ နိုင်ငံအနေနဲ့
အထူးသတိပြုစရာဟာ အဲဒီနိုင်ငံကြီးတွေပါပဲ။
ဒါ့အပြင် အနောက်အရပ်က လူဦးရေပြန့်ပွားလွန်းနေတဲ့ ဘင်္ဂလားဒေ့ရှ်။
ဒါတွေကို သတိပြုရမှာပါ။
ဒဲ့ပြောရရင်တော့ဗျာ တရုတ်ကုလားအရေးသတိထားရမယ်ပေါ့။
ဒီနေရာမှာ တရုတ်ကုလား ဆိုတာ ပြည်တွင်းနေတွေကို မဆိုလိုပါ
ပြည်ပကျူးကျော်တွေကို ဆိုလိုခြင်းပါ။
တရုတ်ဖြူတွေတုန်းက လက်နက်နဲ့ ကျူးကျော်ခဲ့တယ်။
ခုခေတ်မှာ ငွေထုတ်ကိုင်ပြီး ကျူးကျော်တယ်။ တစ်ချို့လည်း ခိုးဝင်တယ်။
တရုတ်တွေက မြန်မာ့ သယံဇာတတွေ မြန်မာ့လုပ်အားစုတွေကို ခေါင်းပုံဖြတ်ရုံမက
မြန်မာ့မြေစျေးကွက်ကိုတောင် ကိုင်လှုပ်နေပါပြီ
နောက် ကုလားအရေးဆိုတဲ့နေရာမှာ ပြည်ပသြဇာခံမယ့်
ဘင်္ဂလီ ၅သိန်းကိုသာ တကယ့်အန္တရာယ်ကြီးတစ်ရပ်အဖြစ် မြင်ကြောင်းပါ။
သမာသမတ်ရှိသောလူ လိုသည်
---------------------
အဲဒီအမျိုးသားရေးအန္တရာယ်တွေအတွက် ကာကွယ်နိုင်မယ့်သူအဖြစ်
ဒေါ်စုကို မြင်ပါတယ်။ ဘာဖြစ်လို့ပါလဲ?
ဒီလို ကာကွယ်မယ့်သူဆိုတာ သမာသမတ်ကျဖို့ အထူးလိုတယ်လို့ ကျနော်မြင်မိလို့ပါ။
ရှေ့မှာတုန်းက ပြောခဲ့ပါတယ်။
အခုကျူးကျော်သူတွေက သေနတ်မကိုင်တော့ဘူ။
ငွေထုတ်ကိုင်လာမယ်။ နိုင်ငံတကာဖိအားကိုင်လာမယ်။
အဲဒါတွေကို တောင့်ခံနိုင်မယ့်သူအဖြစ် ဒေါ်စုတစ်ဦးတည်းသာ မြင်မိပါတယ်။
ဘာဖြစ်လို့ ဒီလို မြင်ရတာလဲ၊ ဆက်ရှင်းပါဦးမယ်။
ဒေါ်စုစိတ်ထား
----------
အားလုံးသိတဲ့အတိုင်း ဒေါ်စုဟာ မိသားစုတစ်ခုလုံးကို စွန့်ပြီး တိုင်းပြည်အတွက် လုပ်ခဲ့သူပါ။ ကျနော်တို့တွေ ကိုယ့်အသက်ကို စွန့်ဖို့၊ ကိုယ့်အိမ်ထောင်ဖက်ကို စွန့်ဖို့
လွယ်ကောင်းလွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရင်သွေးကို စွန့်ဖို့ဆိုတာ မလွယ်လှပါ။
ဒေါ်စု သားတွေ အခု ဘယ်လိုဖြစ်နေပြီလဲ?
သားအငယ်က လှေပေါ်မှာနေရတဲ့ အိမ်ခြေမဲ့။
သားအကြီးကလည်း သူ့ကိုစိတ်နာနေသလားပဲ။
ဘယ်အမေက အဲဒီလိုအဖြစ်ကြီးကို ဖြတ်သန်းနိုင်မလဲ?
သူ့လိုအဆင့်ရဲ့ သားတွေ ဒီလောက်ဖြစ်သွားစရာလား
အဲဒါ သူစွန့်လွှတ်နေတာ မဟုတ်ဘူးလား?
အဲဒါမျိုးကို ဘာနဲ့လဲပြီးမှ ယူနိုင်ကြမလဲ?
တစ်ယောက်တည်း အထီးကျန်ဘဝ။
တကယ်တော့ ဒေါ်စုဟာ အသက် ၄ဝကျော်လေးမှာကတည်းက
ကိုယ်ရေးကိုယ်တာဘဝတစ်ခုလုံးကို ခြောက်သွေ့အထီးကျန်အဖြစ်ခံခဲ့ရတာပါ။
သူ့ကို မလိုသူတွေတိုက်ခိုက်ကြသလို သူဟာ စည်းစိမ်တွေအတွက်လုပ်တာဆိုရင်
အခု သူ့သားတွေ ဘယ်လိုစည်းစိမ်များခံနေကြပါသလဲ?
သူကိုယ်တိုင်ကရော အခုလို အိုကြီးအိုမအထိ ဘယ်လောက်စည်းစိမ်ခံနေလို့ပါလဲ?
သေချာတာက သူဟာ ယုံကြည်ချက်တစ်ခုအတွက်
မတွန့်မဆုတ်ရပ်တည်မဲ့ ခေါင်းမာသူမျိုးဖြစ်တယ်
အမျိုးသားရေးအတွက် အဲဒီလိုလူမျိုး လိုတယ်။
ဘာနဲ့ဖျားယောင်းလို့မရသူ။
ဘာနဲ့ခြောက်ခြောက်မကြောက်သူ။
ပြီးတော့ နောက်ကွယ်မှာ ဘယ်သူ့အရိပ်လွှမ်းမိုးမှုမှ မရှိသူ။
ဝေဖန်သူတွေရဲ့စကား
---------------
ဒေါ်စုကို ကုလားမယားအဖြစ် အပုတ်ချလာခဲ့တာ ၈၈ကတည်းကပါ။
အဲဒီတုန်းက မှိုင်းလုံးဟာ အခုမှ လာသက်ရောက်နေတာ အံ့သြတယ်။
ဒါဆို သူ့ကို အဲဒီတုန်းကတည်းက ဘာလို့ခေါင်းဆောင် တင်ခဲ့ကြပါသလဲ?
သူ့နောက်မှာ ရဟန်း ရှင် လူပေါင်းများစွာ ရပ်ခဲ့ကြပါသလဲ?
တကယ်တမ်းသူ့အမျိုးသားဟာ ဗုဒ္ဓဘာသာဝင်လို့သိရတယ်။
ဒေါ်စုကို ကုလားဘက်လိုက်တယ်လို့ ပြောပြန်တယ်။
ဘာကိုကြည့်ပြောတာပါလဲ?
ရခိုင်မှာ သားဖွားနှုန်းကန့်သတ်တာကို သူဆန့်ကျင်ခဲ့တာဟုတ်တယ်။
အဲဒီတုန်းက ကျနော်လည်း သူ့ကို ကန့်ကွက်တယ်။ ဝေဖန်တယ်။
ဒါပေမယ့် သူဟာ သူ မှန်တယ်ထင်တာကို ဘာမှဂရုမစိုက်ပဲ ပြောတတ်သူဆိုတာ
နားလည်ထားရပါမယ်။
သေချာတာက ဒေါ်စုဟာ အင်မတန်ခေါင်းမာပါတယ်။
ခေါင်းမာလို့လဲ ဒီနေ့အချိန်ထိ သူ မယိုင်မလဲ နေနိုင်တာပါ။
ကမ္ဘာမှာ ဘယ်တုန်းကမှ မကြုံဘူးတဲ့ ပြင်းထန်ယုတ်ညံ့လွန်းတဲ့နည်းလမ်းပေါင်းစုံနဲ့ အတိုက်ခိုက်ခံရခြင်းကို ဒီလောက်ခေါင်းမာသူမို့ပဲ ဘက်ပြိုင်နိုင်တာပါ။
ဒီတော့ ကိုယ့်အလိုအတိုင်းမရယုံနဲ့ သူ့ကို မပစ်ပယ်ပါနဲ့။
သူကတော့ အမှန်တရားလို့ သူမြင်တာကို ခေါင်းမာစွာ ဆုပ်ကိုင်မှာပါပဲ။
သူကိုယ်တိုင်ပြောခဲ့ပါတယ်။ သူမှန်တယ်ထင်ရာလုပ်မှာပဲ။ ထောက်ခံရင် ကျေးဇူးတင်တယ်။ မထောက်ခံလည်း သူကတော့ ဆက်လုပ်မှာပါပဲ။
ကျနော်တို့က အမှန်တရားဘာဆိုတာ သူ့ကို ပြောပြဖို့လိုတယ်။
ကမ္ဘာ့မီဒီယာတွေမှာ လွှမ်းမိုးနေတဲ့ အမှားတွေကို ပြောင်းလဲနိုင်ဖို့ကြိုးစားရမယ်။
ဒီလိုပြောပေမယ့် ကျနော်ဟာ ဒေါ်စုရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအားလုံးသဘောကျသူ မဟုတ်ပါ။ ဒါပေမယ့် ကျနော်တစ်ခု သေချာတာရှိတယ်။
ဒေါ်စုဆိုတာ သူ့အဖေလိုပဲ လူမှန်ကြီး။
အမှန်လို့ သူမြင်တဲ့အရာကိုတော့ သိကြားမင်းဆင်းဖျက်တောင် ပြောင်းလဲရပ်တည်မှာမဟုတ်ဘူး။ ဒါသေချာတယ်
ဒီတော့ အမျိုးသားရေးသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မေးရမှာက
ခင်ဗျားတို့ကိုင်စွဲထားတာ အမှန်တရားလား?
အမှန်တရားလို့ယုံကြည်တယ်ဆိုရင် သူမှန်တယ်ထင်ရာကို ပြင်းပြင်းထန်ထန်ရပ်တည်တတ်တဲ့
လူမှန်ကြီးဒေါ်စုကို ဘာမှ ဆန့်ကျင်နေစရာ မလိုပါဘူး။
ပြီးတော့ လောလောဆယ်ဒေါ်စုဟာ အာဏာပိုင်မဟုတ်ပါဘူး။
သူ့နေရာ သူ့အထွာနဲ့ သူလုပ်နိုင်သလောက်ပဲ ကျနော်တို့မျှော်လင့်လို့ရမယ်
ဒီအဖွားကြီးတစ်ယောက်ကို ကျနော်တို့အကြိုက်ချည်း လိုက်လုပ်နေလိမ့်မယ်လို့
ဘယ်မျှော်လင့်လို့ရမှာလဲဗျာ။
ဆန့်ကျင်သူများသို့ မေးခွန်း
------------------
ဆန့်ကျင်သူတွေပြောကြတယ်။
ဒေါ်စအာဏာရရင် ကုလားပြည်ဖြစ်သွားမယ်တဲ့။
ဘာအချက်ကို ကြည့်ပြောတာလဲ?
သူ့ယောက်ျားက ဗုဒ္ဓဘာသာဝင်ဆိုတာ ပြောပြီးသားနော်။
သူဟာ မှန်တယ်ထင်တာပဲလုပ်မှာ။
သူ့ကို ဘာအချက်နဲ့မှ ဖျားယောင်းလို့မရဘူး။
သူသာ ငွေမက်ရင် စည်းစိမ်မက်ရင် သူ ဒီနေရာမှာ ဒုက္ခခံပြီးဆက်မနေဘူး။
ဒီလောက်ချမ်းသာနေတဲ့အာဏာရှင်တွေက သူ့ကို ငွေမပေးနိုင်ဘူးများထင်ပါသလား
သူသာ ညှိလိုက်ရင် အစောကြီးကတည်းက ငွေထုတ်ပိုက်ပြီးရှောင်သွားလို့ရပါတယ်။
ဒီနေရာမှာ ကြားဖြတ်တစ်ခုပြောချင်တယ်။
လူတွေ ငွေဘာလို့မက်ကြတာလဲ။
စည်းစိမ်ခံဖို့ပါ။ ကိုယ့်မိသားစုကို စည်းစိမ်ခံစေဖို့ပါ။
ဟုတ်ပြီ။ ဒေါ်စု ဘယ်မှာ စည်းစိမ်ခံနေရပါသလဲ
သူ့သားတွေ ဘယ်လောက်အဆင့်မြင့်နေပါသလဲ?
ဒီလို လူတစ်ယောက်က ဘာအတွက်များ
မြန်မာပြည်ကို ကုလားပြည်ဖြစ်အောင် လုပ်မလဲ?
နေရင်းထိုင်ရင်း လုပ်ရအောင် ရူးနေမှပဲ ဖြစ်လိမ့်မယ်။
သေချာတာက ဒေါ်စုဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်။
အတွေးအခေါ်လွတ်လပ်သူ၊ ကြောက်ရွံ့မှုမှ လွတ်ကင်းသူ
ဒီလိုလူမျိုးက ယုံကြည်မှုသက်သက်အတွေးအမြင်ဘက် ပါဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ပါ။
လက်ရှိ ကျနော်တို့လိုနေတဲ့အရာ
----------------------
အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
တရုတ်ပြည်က ဂုတ်သွေးစုတ်တဲ့ကိစ္စ
နိုင်ငံတကာမှ သြဇာရှိတဲ့ခေါင်းဆောင်မှ ကာကွယ်နိုင်မယ်
အရင်အစိုးရကို တာဝန်ခံမထားသူ လောင်းရိပ်ကင်းသူမှ ပြတ်ပြတ်သားသားရှင်းလို့ရမယ်။
ကုလားကိစ္စလည်း ဒီအတိုင်းပဲ
ဘင်္ဂလားဒေ့ရှ်နဲ့ ညှိစရာတွေရှိတယ်
သူတို့ခိုးဝင်ကို သူတို့ဆီ ပြန်ပို့ဖို့
ဒါမျိုးအတွက် ဒေါ်စုသာလျှင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။
တစ်ချို့ကပြောပါတယ်။ ဒေါ်စု အုပ်ချုပ်လို့ ချမ်းသာမှာမဟုတ်ဘူး
ကိုယ်လုပ်မှ ကိုယ်ရမှာတဲ့
ဟုတ်ပါတယ်။ ဒါပေမဲ့ ချမ်းသာဖို့ ရေခံမြေခံကို ဒေါ်စုက ဖန်တီးပေးနိုင်ပါလိမ့်မယ်။
ကျနော်တို့တွေ ကိုယ့်စီးပွားကိုယ် အားသွန်ခွန်စိုက်ရှာနိုင်ဖို့ တရားဥပဒေစိုးမိုးမှု။
ဒါကို ခြစားနေတဲ့ ဗျူရိုကရေစီယန္တယားကို ဖြောင့်မတ်ပြတ်သားတဲ့ခေါင်းဆောင်မှသာလျှင်
ပြင်နိုင်လိမ့်မယ်။
ကိုယ်တိုင်ဖြောင့်မတ်ဖို့တင်မက ပြတ်သားဖို့လည်း လိုပါလိမ့်မယ်။
ပြောရရင် မြန်မာ့စီးပွားရေးဟာ ခရိုနီ ခရိုစိမ်းတွေကြောင့် ကြုံလှီအားနည်းနေရတယ်
အခု ဖုန်းကဒ်ကိစ္စလိုမျိုး အရမ်းမြင်သာပါတယ်။
တိုင်းတပါးက လာလုပ်တဲ့ကုမ္ပဏီတွေက ဖုန်းပြောခ စျေးလျှော့ပေးမယ်ပြောတောင်
ဆက်သွယ်ရေးတာဝန်ရှိသူတွေက မလျှော့ရဘူးတဲ့။
ဘာလို့လဲ နောက်ကွယ်က ခရိုနီတွေကြောင့်ပါပဲ။
တကယ်ဆို ဖုန်းပြောခတွေ စျေးလျှော့တာ ပြည်သူတွေအတွက်မကောင်းဘူးလားဗျာ။
စကားမစပ်ပြောရရင် အင်္ဂလိပ်နယ်ချဲ့အစိုးရခေတ်ကတောင် ဦးနာအောက်နဲ့ ဧရာဝတီဖလော်ရီတာကုမ္ပဏီ သင်္ဘောခတွေ အပြိုင်လျှော့ကြတော့ မတားမြစ်ခဲ့ပါ။
အာဏာနဲ့ စျေးမလျှော့ရဆိုတာကြီးက
ပြည်သူ့မျက်နှာထက် ခရိုနီ့မျက်နှာ ကြည့်နေတာ သိပ်ပေါ်လွင်လွန်းတယ်။
ဒီလိုကိစ္စမျိုးတွေအတွက် ဘယ်သူ့မျက်နှာမှ ထောက်စရာမလိုတဲ့ခေါင်းဆောင်လိုပါတယ်။
ဆင်ခြင်ကြည့်ကြပါ
-------------
နောက်ဆုံးအနေနဲ့ အနှစ်ထုတ်ပြောခဲ့ပါ့မယ်။
ရင်သွေးတွေကိုတောင် စွန့်ပြီး မှန်တယ်လို့ယုံကြည်ရာကို
ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ အဖွားအိုဟာ
ဘယ်လို အကြောင်းပြချက်ကြောင့်များ ကုလားဘက်လိုက်မလဲ?
သူဘာသာလဲ မဟုတ်။
ငွေနဲ့ဖျားယောင်းလို့ရသူ အကြောက်တရားနဲ့ခြောက်လို့ရသူ
နိုင်ငံတကာဖိအားကို တုန့်ပြန်နိုင်စရာ အင်အားကင်းမဲ့သူမျိုးသာ
ကုလားဘက် လိုက်ပါလိမ့်မယ်။
ပြီးတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့စကားပါ
အမျိုးသားရေးဆိုတာ အမျိုးသားကြီးပွားရေးပါပဲ
ကြီးပွားတိုးတက်နေတဲ့အမျိုးသား
ကြီးပွားစည်ပင်နေတဲ့ဘာသာ မှသာလျှင်
အရှည်တိုးမြင့်ကျန်ကောင်းသင့်ပါလိမ့်မယ်။
ဒီလို ကြီးပွားဖို့အတွက် ဦးဏှောက်နဲ့ အုပ်ချုပ်မယ့်သူ လိုပါတယ်။
No comments:
Post a Comment