Twitter Bird Gadget

Monday, April 7, 2014

၂၀၁၅ ကိုကြောက်လန့်နေတဲ့တိုင်ပြည်..




တို့တိုင်ပြည်
အာဏာကိုနတ်သုဒ္ဒါလိုစားသုံးပြီး
ဒီမိုကရေစီကိုနှမ်းဖြူးသလိုပေးနေတဲ့ တိုင်းပြည်
ရုပ်သေးရုပ်ကသမ္မတလုပ်ပြီး
လူပျက်တွေဝန်ကြီးလုပ်နေတဲ့ တိုင်းပြည်
သူခိုးချင်းညီညွန်ပြီး
စားဖားချင်းသွေးစည်းနေတဲ့ တိုင်းပြည်
လူတစ်စုအပေါက်အလမ်းတည့်ပြီး
လူထုကိုတစောက်ကန်းလုပ်နေတဲ့ တိုင်းပြည်
တပ်ပိုင် ၊ဦးပိုင်၊ခရိုနိပိုင်/တရုတ်ပိုင် လုပ်ပြီး
ဒါတို့ပြည် ဒါတို့မြေသီချင်းညည်းခိုင်းတဲ့တိုင်းပြည်
တို့ ဘိုးဘွားအမွေအနှစ်ဆိုပြီး
ကိုယ့်အမျိုးကိုအသေချစ်တဲ့တိုင်းပြည်
ခြင်းထဲကကြက်တွေကို လွှတ်ပေးပြီး
ခြံကြီးကြီးထဲပြန်ထည့်ထားတဲ့ တိုင်းပြည်
ဧည့်သည်ကိုအိမ်ထောင်စုစာရင်းသွင်းပြီး
အိမ်ရှင်ကိုဧည့်စာရင်းတိုင်ခိုင်းတဲ့ တိုင်းပြည်
တစ်ဒေါ်လာကိုခြောက်ကျပ်နဲ့ ရှင်းပေးပြီး
ဆယ့်တစ်ဘီလီယံကြီးပွားသွားတဲ့ တိုင်းပြည်
ပေါင်ဖော်ကြီးလက်ထဲစုပ်တံထည့်ပေးပြီး
မြန်မာပြည်မြေပုံကိုအသစ်ရေးဆွဲခိုင်းနေတဲ့ တိုင်းပြည်
ကိုယ်ကုလဖန်ထိုးကိုယ့်ဖာသာချိုးပြီး
ကုလားသုံးကောင်နဲ့ စားခံလိုက်ရတဲ့ တိုင်းပြည်
ဒေးဗစ်ကော်ပါဖီးထက် အဆတစ်ရာသာပြီး
ရွှေမန်းတင်မောင်ထက် အပြောကောင်းတဲ့ တိုင်းပြည်
ဘုရားရှေ့ကခြင်္သေ့ယောင်ဆောင်ပြီး
ဝံပုလွေကြီးတွေခေါင်းထောင်ထနေတဲ့ တိုင်းပြည်
ငှက်တစ်သောင်းနားတဲ့ သစ်ပင်ကိုလန့်ပြီး
စာခြောက်ရုပ်တွေကိုအိုးမည်းသုပ်ပေးနေတဲ့ တိုင်းပြည်
၂၀၁၂ ကမ္ဘာပျက်ဇတ်လမ်းဇတ်ကွက်တွေကြည့်ပြီး
၂၀၁၅ ကိုကြောက်လန့်နေတဲ့ တိုင်းပြည်……..
                                    ##########################

No comments:

Post a Comment